မိုင်းရှူး နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ်၊ ဝမ်ဆော့ကျေးရွာအုပ်စု၊ ဝမ်ဆော့ကျေးရွာ၊ တောင်သူ ဦးပန္တိ ပြင်ပကွင်းရှိ စံကွက် ၄ဧကတွင် ယနေ့နံနက်(၉)နာရီက ရွှေရင်အေး မိုးစပါးစံကွက် ရိတ်သိမ်းခဲ့သည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညီဆန်း ဝင်းနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများက ပါဝင်ပူးပေါင်းရိတ်သိမ်းခဲ့ကြပြီး ရွှေရင်အေးမိုးစံပါးစံကွက် တစ်ဧကလျှင် အစိုတင်း (၁၁၀)တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)