လဲချား နိုဝင်ဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပခဲ့ပါသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်ချိုထွေးမှ ကျောင်းသား/သူများအနေဖြင့် နေ့ထူးနေ့မြတ် အထိမ်းအမှတ် နေ့များကို မမေ့ပျောက်စေရန်နှင့် ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်လိုသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ဒု-မြို့နယ် ပညာရေးမှူး ဆရာမကြီးဒေါ်မြမြသန်းမှ ပြိုင်ပွဲ စည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြော ကြားခဲ့သည်။
ထို့နောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/သူ (၁၅) ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရိသူများအား ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
လဲချား (မြို့နယ်ပြန် /ဆက်)