အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၌ (၃၈) ကြိမ်မြောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ (မိုးကျ) စုပေါင်းဘုံကထိန် ရေစက်ချ တရားတော်နာ အခမ်းအနားကို  ယမန်နေ့  နေ့လယ်ပိုင်းက ကြာနီကန်ရပ်ကွက်၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပကြောင်း သိရသည်။
Nov 08,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် စားဖိုဆောင်သီးနှံဖြစ်သည့် ဘူးသီးနှင့်ကျောက်ဖရုံသီးနှံအား တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
Nov 08,2022
မြန်မာ့ဆယ်နှစ်လရာသီတွင် တန်းဆောင်းမုန်းလ၏ ထင်ရှားသည့်ပွဲတော်တစ်ခုဖြစ်သည့် ကထိန်ခင်းခြင်း(ဝါ) ကထိန်သင်္ကန်းကပ်လှူသည့် ကထိန်ပွဲများသည် အမြို့မြို့အနယ်နယ်ရှိ မြို့ပြကျေးရွာတို့တွင် ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ်(၄)ရပ်ကွက်ရှိ တောင်ပေါ်ကျောင်းတိုက်တွင် နှစ်(၁၀၀)ပြည့် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့တန်ဆောင်းမုန်းလပြည့်နေ့နံနက်ပိုင်းမှစ၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 08,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပကြောင်းသိရသည်။
Nov 08,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Nov 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ မြို့ကျက်သရေဆောင်သီရိခေတ္တသိရိန္ဒရသာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်၌ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပသည်။
Nov 08,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ တန်ဆောင်မုန်းလပြည့်နေ့တွင် မီးပုံးပျံနှင့် မီးရှုးမီးပန်းများ လွှတ်တင်ခြင်းအခမ်းအနားကို ယမန်နေ့ည(၇)နာရီအချိန်က မြသလွန်ဘုရားကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ မကွေး လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။