အမြို့မြို့အနယ်နယ်သတင်းများ

Nov 11,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းဆင်းသုခ(RS-CS)စိုက်ကွင်း၌ စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်(၈)နာရီအချိန်တွင် ကံသာထွက်ဝရပ်ကွက်ရှိ ကွင်းအမှတ်(၃၉)၊ ဦးပိုင်(၁၅၁/၃) တောင်သူဦးမောင်မောင်စိုးလယ်မြေတွင် ပြုလုပ်သည်။
Nov 11,2022
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စုမှဦးဆောင်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပေဒစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေးစစ်ကြောင်းဟူ၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပညာရေးစစ်ကြောင်းအနေဖြင့် ယနေ့နံနက်ပိုင်းက ကျောင်းပြင်ပ ပညာရေး မူလတန်းနှင့်အလယ်တန်း အခြေစိုက်စခန်းများသို့  ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Nov 11,2022
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စာပေဝါသနာရှင် ပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ဖြင့် သုတ/ရသ စာအုပ်/စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်၁၁နာရီက ရန်အောင်မြင်ရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်းရှိ ဆရာ/ဆရာမများအား စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့​သည်။
Nov 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ပုံပြင်ပြောခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Nov 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေး စစ်ကျောင်းများ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပညာရေးစစ်‌ကြောင်းအနေဖြင့် ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အလယ်တန်း‌ကျောင်းသို့ သွားရောက်၍ ကျောင်းနှင့်၀န်းကျင်စိမ်းလမ်းစိုပြေရေး၊ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ပြုလုပ်ခဲ့ကြသည်။
Nov 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ သီရီဟေမာရပ်ကွက် ဘုရားလမ်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ကြောင်း သိရသည်။
Nov 11,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျိန္တလီမြို့ အ-ထ-က ကျောင်းနှင့် စည်ပင်ရုံးဝန်ထမ်းများအား အခမဲ့ ငှားရမ်းပေးခဲ့သည်။