ဒလမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအနေဖြင့် ကျောင်းပြင်ပပညာရေး မူလတန်းနှင့်အလယ်တန်း အခြေစိုက်စခန်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဒလ နိုဝင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပေဒစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေးစစ်ကြောင်းဟူ၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပညာရေးစစ်ကြောင်းအနေဖြင့် ယနေ့နံနက်ပိုင်းက ကျောင်းပြင်ပ ပညာရေး မူလတန်းနှင့်အလယ်တန်း အခြေစိုက်စခန်းများသို့  ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုကို ပညာရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးခေါင်းဆောင်း၍  ကျန်စစ်သားရပ်ကွက်ရှိ အ.မ.က(၂၄)ကျောင်းပြင်ပ မူလတန်းအခြေစိုက်စခန်းတွင် ညနေ ၃ နာရီမှ ၅ နာရီအချိန်ထိ ပညာသင်ကြားနေသော ကျောင်သား၊ ကျောင်းသူ(၂၁)ဦး၊  မဟာသုမနရာမဘုန်းတော်ကြီးကျောင်းရှိ ကျောင်းပြင်ပ ပညာရေး မူလတန်းအခြေစိုက်စခန်းတွင် ပညာသင်ကြားနေသော  ကျောင်းသား(၂၅)ဦးနှင့် ကျောင်းပြင်ပ ပညာရေး အလယ်တန်းအခြေစိုက်စခန်းတွင် ပညာသင်ကြားနေသော ကျောင်းသား(၁၄)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၆၀) ဦးတို့အား   ပညာရေးစစ်ကြောင်းမှ ကွင်းဆင်း၍ ထမင်းနှင့်ဟင်းများကို အာဟာရဒါနအဖြစ်  ကျွေးမွေးလှူဒါန်း ပံ့ပိုးကူညီခဲ့ကြသည်။

ထို့နောက် ပညာရေးစစ်ကြောင်းကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦးရွှေလှိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်ဌာန၊ မြို့နယ်သာသနာရေးဌာန၊ မြို့နယ်စိုက်ပျိုးရေးဌာနနှင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ အာဟာရဒါနမျိုးစုံနှင့် ဦးထုပ်များဆက်လက် လှူဒါန်းပေးသွားမည်ဟု သိရှိရသည်။

သီတာဝင်း  (ပြန်/ဆက်)