အမြို့မြို့အနယ်နယ်သတင်းများ

Nov 11,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ တံတားအုပ်စု၊ ဇီးတောကျေးရွာ ကွင်းအမှတ်(၃၂၈) တံတားကွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၏ အကျိုးဆောင်သူ ဦးစိန်နိုင်၏ လယ်တွင် ယမန်နေ့ နံနက်(၉)နာရီက မိုးစပါးဆင်းသုခမျိုးသန့် စံကွက်ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း အစိုထွက်တင်း ၁၁၀ ထွက်ရှိ‌ကြောင်း သိရသည်။
Nov 11,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်၊ စာငှားသူများ အဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှု မြင့်မားရေးအတွက် ယနေ့ ညနေပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ပုံမှန်ငှားရမ်းပေးသည်။
Nov 11,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့အတွင်း နေထိုင်လျက်ရှိသည့် မိဘပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာများ၊ နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်လမ်းများအတွင်းနှင့် လူစည်ကားရာလမ်းဆုံများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Nov 11,2022
အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်)နှင့် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇)အလတ်စားစက်ပြင်အလုပ်ရုံ(သထုံမြို့)တို့ ပူးပေါင်းဖွင့်လှစ်သည့် “လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းမှု အခြေခံသင်တန်း(တောင်သူ)၊ ဂဟေဆက်သင်တန်း၊ အခြေခံကွန်ပျူတာသင်တန်း” သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၂  ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်)ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့သည်။
Nov 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စွန်တနီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Nov 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 11,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာအုပ်စု၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း  ရှမ်းပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦး ဆောက်လုပ်လျက်ရှိရာ  ယနေ့မနက်ပိုင်းက  မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေး ကော်မတီမှ အဆောက်အဦးဆောက်လုပ်မှုအခြေအနေများကို  မြေပြင်အထိ  ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့သည်။
Nov 11,2022
ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်မှုကို သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၃)၊ ဦးပိုင်အမှတ်(၈)တောင်သူ ဦးလုံးစိုင်းမောင်၏ လယ်မြေ၌ ယမန်နေ့နံနက်(၉)နာရီက ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်ပြီး မျိုးသန့်ပွားမျိုးစေ့ (RS) မှော်ဘီကောက်ညှင်းမွှေး မိုးစပါးစံကွက်စတင်ရိတ်သိမ်းကြောင်း သိရသည်။