မာန်အောင် နိုဝင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စာပေဝါသနာရှင် ပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ဖြင့် သုတ/ရသ စာအုပ်/စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်၁၁နာရီက ရန်အောင်မြင်ရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်းရှိ ဆရာ/ဆရာမများအား စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့သည်။
ထိုသို့ ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အလုပ်မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စာပေဝါသနာရှင်များအား အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗဟုသုတ တိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်စေရန်တို့အတွက် သုတ၊ ရသ၊ ရုပ်ပြ၊ ဝတ္တု၊ မဂ္ဂဇင်းစသည့် စာအုပ်၊ စာစောင် (၁၀၀)အုပ်ဖြင့် ကွင်းဆင်း(အခမဲ့)ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအနေဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးဝန်ထမ်းများနှင့် စာပေဝါသနာရှင် ပြည်သူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်၊ စာစောင်များကို လက်ဝယ်အရောက် (အခမဲ့)ငှားရမ်း ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)