မြေပုံမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်း၌ စံကွက်ရိတ်သိမ်းပွဲကျင်းပ

မြေပုံ နိုဝင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းဆင်းသုခ(RS-CS)စိုက်ကွင်း၌ စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်(၈)နာရီအချိန်တွင် ကံသာထွက်ဝရပ်ကွက်ရှိ ကွင်းအမှတ်(၃၉)၊ ဦးပိုင်(၁၅၁/၃) တောင်သူဦးမောင်မောင်စိုးလယ်မြေတွင် ပြုလုပ်သည်။

စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်လင်းနိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းအေးခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ရွှေနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့်ကျေးရွာအုပ်စုများမှ တောင်သူ(၂၀)ဦးတို့ တက်ရောက်ကြသည်။

ထို့နောက် (၆၆)ပေ ပတ်လည် စံကွက်ရိတ်သိမ်းရာ မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်း ဆင်းသုခ(RS-CS)(၁၅)ဧကတွင် (၁)ဧကထွက်နှုန်းမှာ အစိုအထွက်နှုန်း(၈၅.၉၃)တင်း၊ အခြောက်(၇၇.၃၄) တင်းထွက်ရှိသည်။ ထွက်ရှိလာသည့် မျိုးစပါးများအား ၂၀၂၃-၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် တောင်သူများသို့ သင့်တော်သောနည်းလမ်းများဖြင့် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တင်ဝင်း