ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအညီ သွားလာနေထိုင်တတ်စေရန်အတွက် အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်      အောက်တိုဘာ      ၁၁

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စုမှဦးဆောင်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒေါပုံမြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုရဲမှူးအောင်မြင့်ထွန်းက ယာဉ်အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ အသက်အန္တရာယ်ထိခိုက်ပျက်စီးမှုများ၊ လမ်းကူသူများ၏ပေါ့ဆမှုကြောင့်ဖြစ်ပွားခဲ့ရသည့် ထိခိုက်ပျက်စီးမှုများ၊ လမ်းကူးရာတွင်လိုက်နာရမည့်စည်းကမ်းများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လမ်းညွှန်သင်္ကေတများစသည်တို့ကို ကျောင်းသား၊ ကျောင်းသူများအား ဟောပြောဆွေးနွေးခြင်းနှင့် အသိပညာပေးဗီဒီယိုများကို ဖွင့်လှစ်ပြသခဲ့သည်။ ထို့နောက် ဟောပြောပွဲသို့တက်ရောက်လကြသော ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၃၀၀)ဦးကျော် တက်ရောက်ခဲ့ပြီး စိတ်ပါဝင်စား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)