Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းအိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံတွင် အထူးကုဆရာ ဝန်ကြီးများမှ ပြည်သူများအားအခမဲ့ စမ်းသပ်ကုသပေးနေမှုများအားက…
Dec 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူဆေးရုံတွင် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့မှ စီစဥ်ဆောင်ရွက်သော အထူးကုဆရာဝန်ကြီးများမှ အခမဲ့ စမ်းသပ်ကုသပေးခြင်းကို ယနေ့နံနက် (၇)နာရီမှစတင်ကုသပေးလျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများသို့ အိမ်သုံးဆိုလာ(၆၈)စုံ…
Dec 02,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများဖြစ်သည့် ဆင်ဘုတ်ချောင်းဖျားကျေးရွာ၊ ပန်းတောကြီးကျေးရွာ၊ တောင်စွယ်(ခေါ်)တောင်ကြီးရင်းကျေးရွာနှင့် အဟောင်းတောင်ကျေးရွာများသို့ အိမ်သုံး ဆိုလာ(၆၈)စုံနှင့် ဆိုလာမီးတိုင်(၆၀)တိုင် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။
အပြည့်အစုံ ဖတ်ရန်
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ ကြည့်ရှုအားပေး
Dec 02,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၃ခုနှစ်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟိုပန်မြို့နယ်၊ အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကိုဒီဇင်ဘာလ ၂ ရက်နေ့တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များနှင့်အတူ
အပြည့်အစုံ ဖတ်ရန်
ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ၁/၂၀၂၂ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 02,2022
ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ၁/၂၀၂၂ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေး၊ အောင်မြေသာစံမြို့နယ်မြို့နယ်၊ Ayeyarwady River View HoteI တွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ရာ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မင်းဟိန်း၊ အဖွဲ့ဝင်(၂) ဦးတင်မောင်ဝင်း၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်မိုး (ခရိုင်ရဲတပ်ဖွဲ့ မှူး)၊ မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစန်းယု၊ ဦးစီးအရာရှိ ဒေါ်နီလာအောင်၊ မန္တလေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းဝေ၊ ဒေါ်သင်းသင်းအေးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အောင်မြေသာစံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် ဟိုတယ်/မိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းကိုယ်စား လှယ်များ၊ ပို့ဆောင်ရေးလုပ်ငန်း ကိုယ်စားလှယ် များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့တွင်း မော်တော်ကားလမ်းအား ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုကွင်းဆင်းစစ်ဆေး
Dec 02,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့ရှိ မြို့တွင်းမော်တော်ကားလမ်းကို ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ
Dec 02,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သတ္တသတ္တာဟ(ပွင့်စေတီ)ဓမ္မာရုံ၌ ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ပူဇော်ပွဲအောင်ပွဲ အခမ်းအနားကို နေပြည်တော်ကောင်စီမှကြီးမှူး၍ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့၌ အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Dec 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် အသက် ၂ နှစ် အောက် ကလေးငယ်များအား ကျန်းမာသန်စွမ်းရန်နှင့် ကူးစက်မှုရောဂါအန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်း တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူ၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 02,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14525
Page
14526
Page
14527
Page
14528
Current page
14529
Page
14530
Page
14531
Page
14532
Page
14533
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department