အမြို့မြို့အနယ်နယ်သတင်းများ

Dec 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးဌာနမှ နို့စားနွားမွေးမြူသူများနှင့် ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်မြင့်မားပြီး ကျန်းမာကြံ့ခိုင်စေရေးတွက် နွားနို့နှင့်ကြက်ဥများ အဟာရတိုက် ကျွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အလက ကျွန်းကလေးကျောင်း၌ ပြုလုပ်ခဲ့သည်။
Dec 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သပြေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ ယနေ့နံနက် ၉နာရီက နယ်လှည့်စာကြည့်တိုက် အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Dec 02,2022
မွန်ပြည်နယ်၊ သထုံမြိုင်ခရိုင်၊ ပေါင်မြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက်ရည်ရွယ်၍ မွေးစမှ အသက်(၂)အောက် ကလေးငယ်များနှင့် ကိုယ်ဝန်​ဆောင် အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ဆေးပေးခန်းများ၌ ဆောင်ရွက် ခဲ့ကြသည်။
Dec 02,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေး ရေတိုက်စား၍ ပျက်စီးနိုင်သည့် ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်ကားလမ်းမှ တံတားအမှတ် (၃/၁) အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်လမးဦးစီးဌာနမှ ‌ကျောက်ရိုးစီမြေထိန်းနံရံ ဆောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Dec 02,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ငရုတ်သီးစိမ်းစျေးများ အနည်းငယ်မြင့်တက်လာသော်လည်း စားသုံးသူများ ပုံမှန်ဝယ်ယူစားသုံးလျက်ရှိကြောင်း သိရသည်။
Dec 02,2022
ပဲခူးတိုင်း​ဒေသကြီး၊ ​တောင်ငူခရိုင်၊ ​​ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဆိုင်ကယ်စက်ပြင်သင်တန်း (၂/၂၀၂၂) ဖွင့်ပွဲကို ယမန်နေ့တွင် ဆွာမင်းလမ်းကျေးရွာအုပ်စု၊ တံတားကြီးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Dec 02,2022
၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းပွဲကို ဒီဇင်ဘာ(၂)ရက် နံနက်(၇)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။