ဗိုလ်တထောင် ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် အဆင့်မြှင့်ပန်းချီသင်တန်းကို ဇွန်လ(၁၁)ရက်မှ (၁၇)ရက်နေ့အထိ (၇)ရက်သင်တန်းဖွင့်လှစ်ခဲ့ရာ ယမန်နေ့ညနေ (၄) နာရီခွဲအချိန်တွင် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ထိုဆင်းပွဲအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက အဖွင့်အမှာစကားပြောကြားပြီး ပန်းချီဆရာမမေ(ရန်ကုန်)က ပန်းချီသင်တန်းတွင် ဆုရွေးချယ်ပုံရွေးချယ်နည်းများ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပန်းချီသင်တန်းတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ သုံးဦးဖြစ်သည့် ပထမဆုရရှိသော မပိုးသဒ္ဒါအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် မောင်ကျော်နေခန့်အား ပန်းချီဆရာမ မေ(ရန်ကုန်)ကလည်းကောင်း၊ တတိယဆုရရှိသည့် မလှိုင်လှိုင်မိုးအား စာရေးဆရာမ မေမြတ်စန္ဒာကလည်းကောင်း ဆုများအသီးသီးပေးအပ်ခဲ့ကြပြီး ပန်းချီသင်တန်းသင်ကြားပို့ချပေးသော ပန်းချီဆရာမ မေ(ရန်ကုန်)အား ဦးစီးအရာရှိဒေါ်ခင်ဝင်းကြည်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့၍ စုပေါင်းမှတ်တမ်းဓါတ်ပုံများရိုက်ကြပြီး သင်တန်းဆင်းပွဲ အခမ်းအနားပြီးမြောက်ကြောင်း သိရှိရသည်။
ခင်ဝင်း (ပြန်/ဆက်)