တောင်ငူမြို့နယ်၊ ချောင်းဖြူကျေးရွာ၌ အခြေခံစက်ချုပ်နည်းသင်တန်းဖွင့်လှစ်

တောင်ငူ ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ချောင်းဖြူကျေးရွာအုပ်စု၊ ချောင်းဖြူကျေးရွာ၌ တောင်ငူခရိုင်စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းအစီအစဥ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံစက်ချုပ်နည်းသင်တန်းကို ဇွန် ၁၀ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့တွင် ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

အဆိုပါသင်တန်းတွင် အမျိုးသမီးဝတ်အင်္ကျီအမျိုးမျိုး၊ ဂါဝန်၊ သုံးလွှာစကပ်၊ လေးလွှာစကပ်နှင့် ချိတ်စကပ်ချုပ်နည်း စသည်တို့ကို အမျိုးသမီးများ အိုးမကွာအိမ်မကွာ ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန် တတ်မြောက်သည်အထိ စာတွေ့လက်တွေ့ ဇွန် (၁၀) ရက်နေ့မှ ဇူလိုင် () ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး မွန်းမံသင်တန်းကို ဇူလိုင် (၁၆) ရက်နေ့မှ (၃၀) ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

သင်တန်းတွင် သင်တန်းသူ (၁၅) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ထူးချွန်၍ ကိုယ်ပိုင်လုပ်ငန်းထူထောင်လိုသူ () ဦးကို ရွေးချယ်ကာ လုပ်ငန်းသုံးပစ္စည်းများ အသုံးပြုခွင့်ရရှိစေရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)