သာပေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် Grade(5)နှင့် Grade(9) နှစ်ဆုံးစာမေးပွဲများဖြေဆို

သာပေါင်း ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade(5)၊ Grade(9) နှစ်ဆုံးစာမေးပွဲများကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲများကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၂၂၇)ခုတွင် Grade(5) ကျောင်းသား၊ ကျောင်းသူ (၃၀၃၀)ဦး၊ ၉၆.၆၈% ရာခိုင်နှုန်းက မြန်မာစာဘာသာရပ် အား စတင်ဖြေဆိုလျက်ရှိပြီး အခြေခံပညာအလယ်တန်းအဆင့် Grade(9) နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန(၆၈)ခုတွင် ကျောင်းသား၊ ကျောင်းသူ(၁၆၅၀)ဦး၊ ၉၂.၅၉% ရာခိုင်နှုန်းက မြန်မာစာ ဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးရေး မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်နှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြကြောင်း သိရှိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်