Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းယန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Feb 25,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနအား မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရာသီစာ တမာဖူး၊ တမာဥများဈေးကွက်အတွင်း လှိုင်လှိုင်ဝင်ရောက်လာ ခူးချိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိနေ
Feb 25,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် ပတ်ဝန်းကျင်ကျေးရွာများမှရာသီပေါ် သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ အရွက်၊ အဖူးရှာဖွေခူးဆွတ် လုပ်ကိုင်ရောင်းချလုပ်ကိုင်စားသောက်နေသည့် ကျေးလက်နေပြည်သူများ တမာဖူး၊ တမာရွက်၊ ခူးဆွတ်ရောင်းချနေခြင်းဖြင့် မိသားစုစားဝတ်နေရေးတဖက်တလမ်းမှဝင်ငွေရှာဖွေ ပေးနေကြကြောင်း တမာဖူးခူးယူရောင်းချနေသူများထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် ရင်းရှည်ရေလှောင်တမံဆည်မှ နွေစပါးသီးနှံ ၉၅ ဧက စိုက်ပျိုးနိုင်ရန်အတွက် ဆည်ရေစတင်ပေးဝေ
Feb 25,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ရင်းရှည်ကျေးရွာအတွင်းရှိ ဆည်ရေသောက် တောင်သူများအနေဖြင့် ယခုနှစ်နွေရာသီတွင် နွေစပါးသီးနှံ ၉၅ ဧကစိုက်ပျိုးနိုင်ရန်အတွက် ရင်းရှည် ရေလှောင်တမံဆည်မှ ယနေ့နံနက် ၆ နာရီမှစတင်၍ ရေစတင်လွှတ်ပေးနေပြီ ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မန်းရွှေစက်တော် ဘုရားကြီးအား တစ်နေ့လျှင် ဘုရားဖူပြည်သူ ၁၀၀၀ ကျော် လာရောက်ဖူးမြော်
Feb 25,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ပါဒစေတီတော်မြတ်ကြီးတွင် ဘုရားပွဲတော်ကာလ၌ အခါကြီးရက်ကြီးများနှင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် တစ်နေ့လျှင် ဘုရားဖူးပြည်သူ ၁၅၀၀ ခန့် လာရောက်ဖူးမြော်လျက်ရှိကြောင်း ရွှေစက်တော် ဂေါပကအဖွဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ဒေါင့်ကြီးကျေးရွာ၌၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ က…
Feb 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်သို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာ၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ မွန်းလွဲ ၂ နာရီဝန်ကျင်က အခြေခံပညာအထက်တန်းကျောင်း (စက်ဒေါင့်ကြီး) ရှိ မြတ်ပညာခန်းမ၌ တွေ့ဆုံ၍အားပေး စကားပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့ အခြေခံပညာအထက်ကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေး
Feb 25,2023
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၏ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနဖြစ်သည့် အ.ထ.က(ဟိုပန်)ကျောင်း၌ မီးဘေးအန္တရာယ် လုံခြုံမှုရှိစေရန် ယမန်နေ့နံနက်(၁၀)နာရီက မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဏ္ဏားကျွန်းမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Feb 25,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်အတွင်း တတိယသုံးလပတ်အတွက် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့၊ နေ့လယ် ၁ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်ခရိုင် ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ စိစစ်ရေးမှူး(၄) (ဆေးမှတ်တမ်း) သင်တန်း ဆုပေးပွဲအခမ်းအနား ကျင်းပ
Feb 25,2023
ပြင်ဦးလွင်ခရိုင် ကုသရေးဦးစီးဌာနမှကြီးမှူး၍ စိစစ်ရေးမှူး(၄) (ဆေးမှတ်တမ်း) သင်တန်း ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13278
Page
13279
Page
13280
Page
13281
Current page
13282
Page
13283
Page
13284
Page
13285
Page
13286
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department