အမြို့မြို့အနယ်နယ်သတင်းများ

Feb 25,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့၌  မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဦးစီးဌာနမှ  ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရေး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုလျော့နည်း စေရေးပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်၀စွာအသုံးပြုနိုင်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊   တရားမ၀င် ဓာတ်အားသုံးစွဲမှုများ မရှိစေရေးတို့အတွက် ယနေ့နံနက်ပိုင်းက  မီးသွေးဘုတ်ကျေးရွာ၊ စိုက်ပျိုးရေးကျေးရွာ၊ ကျွဲနဖားကျေးရွာ၊ ရွာသာယာကျေးရွာ၊ ကင်းတုံကျေးရွာများသို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသန်းစိုးလွင်ဦးနှင့် ၀န်ထမ်းများက လျှပ်စစ်ဓာတ်အားလိုင်းများ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 25,2023
သာသနာတော်နှစ် -၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာဇ် - ၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း(၇)ရက်၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်၊ စနေနေ့ နံနက် ၉ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ မြို့နယ်ကျက်သရေဆောင် သကျမဟာသီရိဘုရားကြီး အာရုဏ်တော်ခံဝတ်အသင်းတန်ဆောင်း၌ အကြိမ်(၄၀)မြောက် ဗုဒ္ဓစွယ်တော်မြတ်နှင့် ဓာတ်တော်မြတ်များပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 25,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပသည်။
Feb 25,2023
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင်   ပြည်ထောင်စု ရန်ပုံငွေဖြင့်  ရန်အောင်ပြင်-ဝက်ကျိန်း(မြို)ကျေးရွာချင်းဆက်လမ်းအရှည် ၀ ဒဿမ ၄၁ ကီလိုမီတာအား ၅၀ -၁၀၀ မီလီမီတာ  ခွဲကျောက်ဖြင့်  ၄ ဒဿမ ၂၇ မီတာ  ၊ အကျယ် ၁၅၀ မီလီမိတာ ထုခင်း၍ ၃ ဒဿမ ၆၆ မီတာ ၊အကျယ် ၁၇၅ မီလီမိတာ ထု ကွန်ကရစ်ခင်းခြင်း ၊ ၂၂၅ မီလီမီတာ ထု အမာခံလမ်းပခုံးခင်း လုပ်ငန်းကို ဖိုးကံကောင်း ကုမ္ပဏီ မှ လည်း ကောင်း ၊ တောင်ပြို- ကြိမ်ချောင်းသွား ကားလမ်းမှ ဝက်ကျိန်းဘုရားသွားလမ်း အရှည်  ၀ ဒဿမ ၆၆၅ ကီလိုမိတာ အား
Feb 25,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ကျီးသဲလေးထပ်ပညာရေးစင်တာ၌ ကျင်းပပူဇော်သော ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင်ကျင်းပရာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ လယ်ဝေးမြို့၊ သံလမ်းပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသုဇန အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
Feb 25,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီခွဲအချိန်က အဆိုပါ အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။