Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ညောင်ဦးမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာမှဦးဆောင်ကာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း Plastic Campaign စုပေါင်းသန့်ရှင်းရေးပြုလုပ်
Feb 28,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ယနေ့နံနက် ၆ နာရီခွဲ အချိန်က ပတ်ဝန် းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ကာ စုပေါင်း သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask ဖြန့်ဝေခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Feb 28,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့်နေရာများတွင် ပြည်သူများနှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အိမ်တွင်း လျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်း၊ ဂဟေဆက်သင်တန်း၊ အခြေခံအုတ်စီနှင့် ပန်းရံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Feb 28,2023
မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်း၊ ဂဟေဆက်သင်တန်း၊ အခြေခံအုတ်စီနှင့် ပန်းရံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ လူငယ်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာထားရှိမည့်နေရာနှင့် စာစစ်ဌာနဖွင့်လှစ်မည့် ကျောင်းများအား ကြည့်ရှုစစ်ဆေး
Feb 28,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာထားရှိမည့်နေရာနှင့်စာစစ်ဌာန ဖွင့်လှစ်မည့်ကျောင်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ
Feb 28,2023
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၌ ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) အား အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းကို ယနေ့ နံနက် ၉ နာရီ ၃၀ ချိန်တွင် ကချင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခအစည်းအဝေးခန်းမ၌ ပို့ချခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့နယ် လုံးကျွတ်(ဒုတိယအကြိမ်)ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စေတနာရှင်ပြည်သူများ ပါဝင်လောင်းလှူရန် နှိုးဆော်
Feb 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့သည် ရှမ်း၊ ပလောင်၊ ကချင်၊ ကရင်၊ ချင်း၊ ရခိုင် အစရှိသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သော တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်သော်လည်း စေတနာသဒ္ဓါတရားထက်သန်စွာ မြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များနှင့် သီလရှင်များကို
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ပူတာအိုမြို့ သစ်ပင်ပန်းမံများဖြင့် သန့်ရှင်းသာယာလှပရေးနှင့် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Feb 28,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့ သစ်ပင်ပန်းမံများဖြင့် သန့်ရှင်းသာယာလှပစေရေးနှင့် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများအား ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်သည် ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးဝင်းဗိုလ်နှင့် အတူ ဖေဖော်ဝါရီ(၂၈)ရက် နံနက် (၇)နာရီက ပူတာအိုမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲအောင်မြင်စွာ ကျင်းပပြီးစီး ၂၀၂၂ခုနှစ်နှစ်စာအောင် သံဃာတော်များအား စာအောင်ဆု ဆက်ကပ်လှူဒါန်း
Feb 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ (၃၉)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲကို နာဟောင်ရပ်ကွက်ရှိ ရွှေကျောင်းတော်ကျောင်းတိုက်နေရာတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှစ၍ယမန်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ အောင်မြင်စွာပြီးမြောက်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အဆိုပါ ဘုန်းတော်ကြီးကျောင်းနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13222
Page
13223
Page
13224
Page
13225
Current page
13226
Page
13227
Page
13228
Page
13229
Page
13230
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department