မိုးနဲ ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ (၃၉)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲကို နာဟောင်ရပ်ကွက်ရှိ ရွှေကျောင်းတော်ကျောင်းတိုက်နေရာတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှစ၍ယမန်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ အောင်မြင်စွာပြီးမြောက်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အဆိုပါ ဘုန်းတော်ကြီးကျောင်းနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲတွင် မိုးနဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ပထမတန်းတွင် (၂၇၁)ပါး၊ ဒုတိယတန်းတွင် (၁၂၂)ပါး၊ တတိယတန်းတွင်(၁၃)ပါး စုစုပေါင်း(၄၀၆)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း၊ ကြီးကြပ်ကိုယ်တော်များအပါအဝင် (၄၅၀)ပါးအား ဆွမ်း၊ ကွမ်းအခက်အခဲမရှိစေရေးဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုနေပြည်သူများက နေ့စဉ်လှူဒါန်းပေးလျက်ရှိရာ လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချတရားတော်များ အတူတကွနာယူခဲ့ကြသည်။
ထို့နောက် ၂၀၂၂ ခုနှစ် ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသော သံဃာတော် ၁၇၆ ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများ ၊မြို့နယ်ဂေါပကအဖွဲ့မှ တာဝန်ရှိသူများ၊မြို့နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသီးသီးဆက်ကပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)