Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပြည်နယ်၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများကို အရှိန်အဟုန်ဖြင့် တိုးတက်အောင်အဖက်ဖက်မှ အားပေးကူညီမှုများဆောင်ရွက်ပေး
Feb 28,2023
ကရင်ပြည်နယ်သည် စိုက်ပျိုးရေးကိုအဓိကထားဆောင်ရွက်နေသော ပြည်နယ်တစ်ခုဖြစ်သည့်အားလျော်စွာ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍကို အခြေခံသည့်စီးပွားရေးလုပ်ငန်းများ တိုးတက်စေရေး ပြည်နယ်စိုက်ပျိုးရေးဦးစီး ဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လယ်ယာမြေဧက(၁၀၀)အဆင့်မြှင့်တင်ခြင်းနှင့် တောင်သူများသို့ သဘာဝမြေဩဇာထောက်ပံ့ ပေးအပ်သည့်အခမ်း အနားကို ယနေ့နံနက် ၈ နာရီ ခန့်က ဘားအံမြို့နယ်၊ ရသေ့ပျံကျေးရွာ၊ ကွင်းအမှတ်(၁၀၀၆/က)၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရပ်ကွက်/ကျေးရွာအုပ်စု မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးအဖွဲ့(Working Group)အဖွဲ့(၄၆)ဖွဲ့အား ထောက်ပံ့ငွ…
Feb 28,2023
ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အိမ်ထောင်စုလူဦးရေအမှန်စာရင်းရရှိရေး မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူသည့်အဖွဲ(Working Group)များအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခမောက်ကြီးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ (၃၁) ဦးဝင်ရောက်ဖြေဆိုမည်
Feb 28,2023
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ၊ ခမောက်ကြီးမြို့တွင် ၂၀၂၃ ခုနှစ် ၊ မတ်လ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့် စာပေးပွဲတွင် ကျောင်းသား ၊ကျောင်းသူ (၃၁)ဦး ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ နွေစပါးစိုက်ဧက ခုနှစ်ထောင်ကျော်လျာထားစိုက်ပျိုး
Feb 28,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း နွေးစပါးစိုက် တောင်သူများ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ သက်တမ်းတိုးပြီး၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များအား ပြောင်းလဲစိုက်ပျိုးလာခြင်းနှင့်လယ်စိုက်တောင်သူများ လျာထား ဧကထက်ပြည့်မီကျော်လွန်ရေး ထွန်ယက်စိုက်ပျိုးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူဒေသ၌ ဒုတိယရာသီအဖွင့် ရော်ဘာဈေးတစ်ပေါင်လျှင် ၁၄၀၀ ကျပ်အထိ ဈေးရနေ
Feb 28,2023
ရေဖြူမြို့နယ်၌ ရော်ဘာခြံလုပ်ငန်းဒုတိယရာသီဖွင့်ချိန် ယေန့ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ရော်ဘာအပြားဈေးမှာ တစ်ပေါင်လျှင် ၁၄၀၀ ကျပ် အထိ ဈေးရနေကြောင်း ရော်ဘာခြံ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ် Community Centre တွင် ရေးသူ/ဖတ်သူ စာပေဆွေးနွေးပွဲ ကျင်းပ
Feb 28,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော အသိပညာ ဗဟုသုတ တိုးပွားစေရေး၊စာဖတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ ရေးသူ/ဖတ်သူ ဆွေးနွေးပွဲကို ယနေ့နံနက်၁၀နာရီက လူထုအခြေပြုဗဟိုဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခမောက်ကြီးမြို့တွင်၂၀၂၃ ခုနှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5)နှစ်ဆုံးစာမေးပွဲ ဖြေဆိုပြီးစီး
Feb 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်း ကျောင်းတွင် ၂၀၂၃ခုနှစ်အခြေခံမူလတန်းအဆင့် (Grade-5) နှင့်အခြေခံအလယ်တန်းအဆင့် (Grade-9)နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလ(၂၂) ရက်နေ့မှစ၍ဖြေဆိုခဲ့ကြရာ ယနေ့တွင် အခြေခံပညာမူလတန်းအဆင့် (Grade-5) နှစ်ဆုံးစာမေးပွဲကြီးဖြေဆိုပြီး စီးခဲ့ပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်ရှိ နေရပ်စွန့်ခွာရွေ့ပြောင်းနေထိုင်သူများနှင့်နေရပ်ပြန် အိမ်ထောင်စုများအားထောက်ပံ့ငွေပေးအပ်
Feb 28,2023
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာရွေ့ပြောင်း နေထိုင်သူများနှင့် နေရပ်ပြန် အိမ်ထောင်စုများကို UNHCR ( The UN Refugee Agency) အစီအစဉ်ဖြင့် ပုလော မြို့နယ် ကြက်ခြေနီအသင်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လည်၁ နာရီက ပုလောမြို့ ကြက်ခြေနီရုံး၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13221
Page
13222
Page
13223
Page
13224
Current page
13225
Page
13226
Page
13227
Page
13228
Page
13229
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department