အမြို့မြို့အနယ်နယ်သတင်းများ

Mar 03,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်း သမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏(၃၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲဖွင့်ပွဲကို မတ်လ (၃) ရက်နေ့ နံနက်(၉:၃၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဂေါပက အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူအလှူရှင်များ စုပေါင်းကာဖွင့်လှစ်ပေးပြီး မတ်လ ၅ ရက်နေ့ (တပေါင်းလပြည့်နေ့)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Mar 03,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ကျောင်းသူများ ဖြေဆိုနိုင်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 03,2023
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံအားကစား သင်တန်းဖြစ်သည့် Fitness Dance သင်တန်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
Mar 03,2023
အခြေခံပညာကျောင်းသား၊ ကျောင်းသူလေးများ နွေရာသီကျောင်းအားလပ်ရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အခြေခံအားကစားနည်းများအတိုင်း စနစ်တကျကစားတတ်စေရန်၊ အားကစားသမား မျိုးဆက်သစ်လက်ရွေးစင်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားနှင့်ကာ ယပညာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီကျောင်းအားရက် အခြေခံအားကစားသင်တန်းများဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။
Mar 03,2023
ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူးကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး၊ (၂၀၂၃) ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် “ကျားမတန်းတူညီမျှဖို့ နည်းပညာဖြင့် ဆန်းသစ်စို့ “စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အလုံမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Mar 03,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ညောင်ဦး-မြင်းခြံ-ပခုက္ကူ သွားကားလမ်း တစ်ဖက်သုံးပေချဲ့ခင်းမည့် သာယာဝတီရပ်ကွက် မြို့တွင်းလမ်းချဲ့မည့်နေရာများကို ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်အဖွဲ့ဝင်များ ယမန်နေ့ နေ့ခင်းပိုင် ၂နာရီက သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
Mar 03,2023
မကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့မ​စျေး၌ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ယနေ့နံနက် ၉ နာရီခွဲအချိန်က စျေးကွက်အတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ထောက်ခံချက်မပါဘဲ Parbisure ဆေးရောင်းချနေမှု ရှိ၊ မရှိနှင့် သက်တမ်းလွန်​ပြီးစားသုံးရန်မသင့်​သော အစားအ​သောက်လူသုံးကုန်ပစ္စည်း​များအား​ စျေးကွက်အတွင်း​ရောင်းချမှုမရှိ​စေ​ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 03,2023
မတ္တရာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးကဏ္ဍနှင့်ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီက မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။