Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒေါပုံမြို့နယ်တွင် မွေးကင်းစမှတစ်နှစ်ခွဲအရွယ်ရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Mar 03,2023
မိခင်နှင့်ကလေးငယ်များဘဝ ကျန်းမာဖွံ့ဖြိုးပြီး ရောဂါကင်းရှင်းစေရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ မွေးကင်းစမှအသက်တစ်နှစ်ခွဲအရွယ်ရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးပေးခြင်းများကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၌ ဟင်းသီးဟင်းရွက်များ ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများအဆင်ပြေလျက်ရှိ
Mar 03,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိဒေသခံများသည် မိသားစုစီးပွားရေးဖူလုံရေးအတွက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချလျက်ရှိရာ ဈေးကောင်းရရှိ၍ စိုက်ပျိုးထားသူများ နေ့စဉ်ပုံမှန်ဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မတ်ပဲသီးနှံစိုက်ပျိုးသည့်တောင်သူများ ရောင်းချချိန်တွင်ဈေးကောင်းရရှိသဖြင့် အဆင်ပြေ
Mar 03,2023
ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တောင်သူများ စိုက်ပျိုးထားရှိသည့် မတ်ပဲစိုက်ခင်းများ အထွက်နှုန်း ကောင်းမွန်ပြီး ရောင်းချချိန်တွင် ဈေးကောင်းရရှိသဖြင့် တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် စာစစ်ဌာနများတွင် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းဆောင်ရွက်
Mar 03,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဋ္ဌာနမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ကျင်းပပြုလုပ်မည့်စာစစ်ဋ္ဌာနများတွင် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ပြိုလက်ဝဲမြို့ အထကကျောင်းစာစစ်ဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Mar 03,2023
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ အထကကျောင်းစာစစ်ဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို တောင်ပြိုပြန်လည်လက်ခံရေးမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၉ နာရီ အချိန်က မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်မြို့ ဆတိုးဆုတောင်းပြည့်ဘုရားတွင် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်
Mar 03,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် တပေါင်းလပြည့်နေ့၌ ထီးတော်တင်လှူပူဇော်ပွဲအခမ်းအနား ကျင်းပမည့် အမှတ်(၃)ရပ်ကွက်ရှိ ဆတိုးဆုတောင်းပြည့် ရွှေစည်းခုံပုံတူဘုရားနှင့် အနီးပတ်ဝန်းကျင်တို့၌ ယနေ့နံနက် ၈ နာရီက သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ် Community Centre တွင် လူငယ်အသိပညာပေး ဆွေးနွေးပွဲပြုလုပ်
Mar 03,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်များအတွက် စာပေမှရရှိသော အသိပညာဗဟုသုတတိုးပွားစေရေး၊ စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ လူငယ်အသိပညာပေးစာအုပ်ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နွားထိုးကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေ…
Mar 03,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်း (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ယမန်နေ့မွန်းလွှဲ (၁) နာရီက ဂွေးပင်တောကျေးရွာ၊ ရွာလယ်ခန်းမတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13151
Page
13152
Page
13153
Page
13154
Current page
13155
Page
13156
Page
13157
Page
13158
Page
13159
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department