Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ ရေဘးကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
Jun 18,2025
ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်၊ ပဲခူးမြစ်ကူးဈေးတံတားအနီး၌ ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ ရေဘးကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့နယ် အိုးဘိုကျေးရွာအုပ်စုတွင် မိုးစပါးမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ) ထည့်သွင်းခြင်းဆောင်ရွက်
Jun 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အိုးဘိုကျေးရွာအုပ်စု ၊ကွင်းအမှတ် ၂၈၀၊ ဦးပိုင်အမှတ် ၄၄၃/၂ တောင်သူဦးစိုးသူ၏ လယ်မြေ (၂)ဧကတွင် မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာ ထည့်သွင်းခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့၌ အမှိုက်များခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့်လက်တွေ့သရုပ်ပြခြင်း အခမ်းအနားကျင်းပ
Jun 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌အမှိုက်များခွဲခြားစွန့်ပစ်ရန်အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားအား ယနေ့နံနက်(၁၀)နာရီက မအူပင်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ဆေး ထိုးနှ…
Jun 18,2025
ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် အသင်းဝင်များနှင့်မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းကို ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲတစ်နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ နန်းတော်ရှေ့ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံတွင် ပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငွေဆောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ အမှိုက် (၄) မျိုး ခွဲခြားစွန့်ပစ်မှုအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်အမျိုးအစား (၄) မျိုးခွဲခြားနည်းနှင့် အမှိုက်ပုံး အရောင်ခွဲသတ်မှတ်ခြင်းတို့နှင့်ပက်သက်၍ အသိပညာပေးဟောပြောပြီး အမှိုက်စွန့်ပစ်နည်း လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ( ၁၁း၀၀)နာရီက ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ငွေဆောင်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တလုံးကြီးမြို့၌ အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပ
Jun 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ အသံမစဲမဟာ ပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲကို ယနေ့နံနက် (၁၀) နာရီက ကျောက်တလုံးကြီးမြို့ ပထမနိမ္မိတသပိတ်မြတ်စေတီတော်ရှိ အောင်ဇမ္ဗူလောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ ကျောက်တလုံးကြီးမြို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခိုလမ်မြို့၊ တုန်ဟုန်းကျေးရွာရှိ သုဝလီကန်အတွင်းသို့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကျင်းပ
Jun 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ တုန်ဟုန်းကျေးရွာရှိ သုဝလီကန်အတွင်းသို့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးဆွေးနွေး စာအုပ်များ ပေးအပ်လှူဒါန်း
Jun 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးငိုပွယ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေနှင့် ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1312
Page
1313
Page
1314
Page
1315
Current page
1316
Page
1317
Page
1318
Page
1319
Page
1320
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department