ကရသူရိမြို့၊ ကလေးစာဖတ်ခန်း၌ ကျောင်းသား/သူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ကရသူရိ ဇွန် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများ စိတ်ရွှင်လန်း၍ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား/သူများ ကျောင်းစာများသာမက စာအုပ်/စာပေများမှ ပေးသော အသိပညာ ဗဟုသုတများရရှိရေး၊ စာပေဝါသနာရှင်ကလေးများ ပေါ်ထွန်းစေရေး၊ သွတ်လက်ထက်မြက်၍ ဦးနှောက်နှင့်ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်းစားတွေးခေါ်မှု ကောင်းမွန်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား/သူများက ၎င်းတို့ကြိုက်နှစ်သက်ရာ ခေါင်းစဉ်အသီးသီးဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအား ယှဥ်ပြိုင်ကြရာ စာကြည့်တိုက်လက်ထောက်-၃မှ ဆုရွေးချယ်ပေးကာ ဆုရရှိသူများအား မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)