ကရသူရိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများအား အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်

ကရသူရိ ဇွန် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများအား ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီက ‌ပြုလုပ်ခဲ့ကြောင်း သိရသည်။

‌ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက မူးယစ်ဆေးဝါးအစ ဆေးလိပ်၊ ကွမ်းယာများဖြစ်ပြီး ၎င်းတို့မှအစ ရှောင်ကြဥ်သင့်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် မိမိတို့၏ ဘဝတိုးတက်အောင်မြင်‌ရေးကို ဆုတ်ယုတ်စေခြင်း၊ အသိပညာမဲ့ခြင်း၊ လူအညွှန့်တုံးခြင်း စသည့်ဆိုးကျိုးများကိုသာ ရရှိကြောင်း၊ မူးယစ်ဆေးဝါးအမျိုးအစားများအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရာတွင် ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်းနှင့် ဇွန်လ(၂၆)ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့  ဖြစ်ကြောင်းတို့ကို ပညာပေးပြောကြားပြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်ဘုတ်များနှင့် စာအုပ်/စာစောင်များ ခင်းကျင်းပြသရာ ကျောင်းသား/သူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းသည် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အထိမ်းအမှတ်ဖြစ် ကျောင်းသား/သူများ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ကင်းဝေးစေရေး အသိပညာပေးခြင်းဖြစ်ပြီး အဆိုပါ ဟောပြောပွဲသို့ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၂၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)