တမူး မတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာသီးနှံ မြေသြဇာထောက်ခံ နှုန်းထား ထည့်သွင်းခြင်းနှင့် Green Manure ( ပိုက်ဆံလျှော်) ထည့်သွင်းခြင်း လုပ်ငန်းကို ယနေ့ နံနက် (၉) နာရီက တမူးမြို့နယ်၊ မြို့မအုပ်စု ကွင်းအမှတ် ၂၅၅ B ရှိ တောင်သူ ဦးစိုးနိုင်၏ လယ်မြေတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် တမူးမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသိန်းက နေကြာသီးနှံမြေသြဇာ ထောက်ခံနှုန်းထားထည့်သွင်းခြင်း၏ အကျိုးကျေးဇူးများနှင့် သဘာဝမြေဩဇာဖြစ်သည့် သစ်စိမ်းမြေဩဇာထည့်သွင်းပေးခြင်းဖြင့်မြေဆီလွှာတွင် နိုက်ထရိုဂျင်ကြွယ်ဝစေခြင်း၊ မြေသားတည်ဆောက်မှု ကောင်းမွန်စေခြင်းတို့ကြောင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်ဆောင်ရွက်သင့်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ဓါတ်မြေဩဇာဈေးနှုန်း မြင့်မားနေချိန်မှာ သဘာဝမြေဩဇာဖြစ်သော ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) အပင်များကို ထည့်သွင်း စိုက်ပျိုးခြင်းအားဖြင့် စိုက်ပျိုးမြေတွင် သစ်ဆွေးနှင့် အခြားအာဟာရဓါတ်များစွာရရှိနိုင်သဖြင့် ဓါတ်မြေဩဇာ ကုန်ကစရိတ်ကိုလည်း လျော့ချနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ နေကြာသီးနှံမြေသြဇာထောက်ခံနှုန်းထား ထည့်သွင်းခြင်းနှင့် Green Manure (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းလုပ်ငန်များ ဆောင်ရွက်ရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင် (မြေ၊ မျိုး၊ ပိုး) တာဝန်ခံများနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးကျော်သူရ
တမူးခရိုင် (ပြန်/ဆက်)