ရွှေတောင် မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစပ် မျိုးဆင်းရွှေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ မြို့နယ်စိုက်ပျိုးဦးစီးဌာနမှ နေကြာစိုက်ပျိုးသော တောင်သူများအား မျိုးကောင်း၊ မျိုးသန့်ရရှိရေး ဆောင်ရွက်ပေးခြင်း၊ ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာများ နည်းပညာပေးခြင်း၊ ကွင်းသရုပ်ပြပွဲများ ကျင်းပခြင်း၊ ပိုးမွှားအန္တရာယ် ကာကွယ်ရေး နည်းလမ်းများ ပညာပေးခြင်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းနေကြာ ဧက ၁၄၃၉ လျာထားခဲ့ပြီး ၁၄၃၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်တိုးစံပြကွက်များ စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးဦးစီးဌာနမှ သိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)