သံတောင်ကြီး မတ် ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့် တွဲဖက်၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒေသခံပြည်သူများသည် တောင်ပေါ်ကွမ်းရွက်ကြမ်းများကို တစ်နှစ်လျှင် (၃) ကြိမ်နှုန်းဖြင့် ခူးယူပြီး ပထမလပထမအပတ်မှစ၍ တတိယကြိမ် တောင်ပေါ်ကွမ်းရွက်ကြမ်းများကို စတင်ခူးယူလျက်ရှိသည်။ ဆောင်းအကုန် နွေအကူး ယခုအချိန်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများသည် အထွက်နှုန်း နည်းသော်လည်း ဈေးကောင်းရရှိ၍ ဆောင်းတွင်းကာလတွင် တောင်ပေါ် ကွမ်းကြမ်း (၁၀) ပိဿာလျှင် ကျပ် (၇၀၀၀) မှ ကျပ် (၈၀၀၀) ထိသာရရှိပြီး ယခုမတ်လ ပထမကြိမ်တွင် တောင်ပေါ်ကွမ်းကြမ်း (၁၀) ပိဿာလျှင်ကျပ် (၁၅၀၀၀) မှ ကျပ် (၂၀၀၀၀) ထိသာရရှိကာ ဈေးကောင်းရရှိကြောင်း သိရသည်။
နော်နော်မူ