အမြို့မြို့အနယ်နယ်သတင်းများ

Mar 16,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Mar 16,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များအတွက် အခြေခံကွန်ပျူတာသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်း(၂)နာရီအချိန်က ဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။
Mar 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ယမန်နေ့ နေ့လယ်(၁၂) နာရီအချိန်က ဖျာပုံမြို့ အ.ထ.က-၁ကျောင်းနှင့် အ.ထ.က-၂ ကျောင်းများတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုအပြီး၊ ကျောင်းသား၊ ကျောင်းသူများအား၊ သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Mar 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိဒေါ်ဌေးဌေးလှိုင်နှင့် ဝန်ထမ်းများက  (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲ ၁၂ နာရီ အချိန်တွင် အ.ထ.က (၁)၊ အ.ထ.က(၂)ကျောင်းနှင့် အ.ထ.က ကြို့ကုန်းစာစစ်ဌာနတို့မှ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုပြီးအပြန် ကျောင်းသား/သူများနှင့် စာစစ်ဌာနများတွင် လုံခြုံရေး ဆောင်ရွက်နေသည့် တာဝန်ရှိသူများအား ဖြန့်ဝေပေးခဲ့သည်။
Mar 16,2023
နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တို့၏ ဝန်ထမ်းမိသားစုများမှ စုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မစိုးရိမ်တိုက်သစ် ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
Mar 16,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေး ဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့်၊ ၂၀၂၃ခုနှစ် နွေရာသီအားကစားသင်တန်းများဆင်းပွဲကို၊ ယမန်နေ့ မွန်းလွဲ (၃:၃၀)နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။