Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကန့်ဘလူမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 16,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အ.ထ.က(၁)ကန့်ဘလူ ကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မတ် ၁၅ ရက်က ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲနီလုံးများ စတင်ရိတ်သိမ်းရောင်းချလျက်ရှိရာ ဈေးကောင်းရရှိ၍ တောင်သူများအဆင်ပြေ
Mar 16,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် စိုက်ပျိုးထားရှိသည့် ပဲနီလုံး (အထွက်တိုးမျိုး)များကို စတင်ရိတ်သိမ်းခြွေလှေ့ရောင်းချလျက်ရှိရာ ဈေးနှုန်းကောင်းမွန်ခြင်း ကြောင့် ပဲနီလုံးစိုက်ပျိုးရောင်းချသူတောင်သူများ အဆင်ပြေလျှက်ရှိကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့်ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအ…
Mar 16,2023
တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများအထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃)ကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများအား အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ပြိုင်ပွဲများကျင်းပ
Mar 16,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်ကာလများအတွင်း အသိပညာဗဟုသုတဖွံ့ဖြိုး တိုးတက်စေရေးအတွက် အထောက်အကူဖြစ်စေရန်နှင့် အတွေးအခေါ်များမြင့်မားလာစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်ကိုအသုံးပြု လာတတ်စေရန် ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်၊ ကဗျာရွတ်နှင့်စာဖတ်စွမ်းရည် ပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် မတ်လ (၁၅)ရက်နေ့ နေ့လယ်(၁၂) နာရီအချိန်က ဖျာပုံမြို့ အ.ထ.က-၁ကျောင်းနှင့် အ.ထ.က-၂ ကျောင်းများတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအပြီး၊ ကျောင်းသား၊ ကျောင်းသူများအား၊ သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများနှင့် အပိုဆောင်းကာကွယ်ဆေးများ စဉ်ဆက်မပြတ် ထိုးနှံပေးနိုင်ရေး မြို့နယ်ကော်မတီ အစည်းအဝေး ပြုလုပ်
Mar 16,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ပြည်သူလူထုအတွင်း ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Mar 16,2023
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စိုက်ပျိုးရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများအား စာအုပ်၊စာစောင်များ အခမဲ့ ငှားရမ်းပေး
Mar 16,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများက ယနေ့ နံနက် ၁၁ နာရီတွင် ရွေ့လျားစာကြည့်တိုက် Mobile Library စနစ်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ရုံးသို့ သွားရောက်၍ ဝန်ထမ်းများအား စာအုပ်၊စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
12931
Page
12932
Page
12933
Page
12934
Current page
12935
Page
12936
Page
12937
Page
12938
Page
12939
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department