အမြို့မြို့အနယ်နယ်သတင်းများ

Mar 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ် (၄) ရပ်ကွက်၊ (၅၅) လမ်းရှိ အမျိုးသားစီမံခန့်ခွဲရေးကောလိပ် မိုးလုံလေလုံအားကစားခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
Mar 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး ၂၀၂၃ ခုနှစ်၊ နွေရာသီအားကစားသင်တန်းများအဖြစ် မြန်မာ့သိုင်းသင်တန်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ဘော်လီဘောသင်တန်းကို အမှတ်(၆)ရပ်ကွက်ရှိ ဘော်လီဘောအားကစားကွင်းတို့တွင် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
Mar 17,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး​ဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
Mar 17,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီ၏ စီစဉ်လမ်းညွှန်မှုဖြင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ  အလျား ၈ ပေ၊ အနံ ၅ ပေ၊ အမြင့် ၁၂ ပေရှိ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ
Mar 17,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ အလုပ်ဆိုတာ အင်အားပါစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီချိန်က ပြုလုပ်ခဲ့သည်။
Mar 17,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Mar 17,2023
မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီ၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အလျား ၈ ပေ၊ အနံ ၅ ပေ၊ အမြင့် ၁၂ ပေရှိ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက် ၈ နာရီက မင်းလှမြို့ဇေယျာသီရိဈေးအနောက်ဘက် လမ်းမကြီးဘေးအများ မြင်သာသည့်နေရာတွင် စိုက်ထူခဲ့ကြောင်း သိရသည်။
Mar 17,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အပတ်စဉ် ပုံမှန်စာဖတ်ဝိုင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲ က မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် ပြန်/ဆက်ဦးစီးဌာနမှဝန်ထမ်းများ အခြေခံအင်္ဂလိပ်စာသင်တန်းတက်ရောက်နေသည့် သင်တန်းသား သင်တန်းသူကျောင်းသားလူငယ်များနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။