Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပလောက်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား စတုတ္ထကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေး
Mar 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား စတုတ္ထကြိမ်မြောက် (Sinopharm)ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေးများကို ယနေ့နံနက်(၉)နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမ၌ မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ထပ်ဆောင်းကာကွယ် ဆေးထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Mar 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြည်သူများ နေ့ထူးနေ့မြတ်များကိုသိရှိစေရန်၊ စာဖတ်သည့်အလေ့အထကောင်းများရရှိရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိရန် စာပေဖတ်ရှုခြင်းမှရရှိသော အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့ညနေ ၃ နာရီက ပြသဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်ပြပွဲဆောင်ရွက်
Mar 20,2023
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နွေကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာစောင်များ လေ့လာ၍ ငှားရမ်းဖတ်ရှု့နိုင်ရန်အတွက် စာအုပ်၊စာစောင်ပြပွဲကို ယနေ့မွန်းလွဲ(၁)နာရီတွင် စာဖတ်ခန်းမ၌ ပြသဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မသန်စွမ်းအထောက်အကူပြုပစ္စည်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Mar 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မသန်စွမ်းအထောက်အကူပြု ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) ဖွင့်လှစ…
Mar 20,2023
ကျောင်းသား ကျောင်းသူ ကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတကြွယ်ဝစေရန်၊ ကျောင်းစာအပြင်ဗဟုသုတများ တိုးပွားစေရန်နှင့် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) ကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ ချေးငွေထုတ်ချေးပေးခြင်း အခမ်းအနား တက်ရောက်
Mar 20,2023
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၊ ပလ္လင်ပြင်ကျေးရွာ၊ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)၌ ကျင်းပသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ချေးငွေထုတ်ချေးပေးခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မန်တုံမြို့နယ် မူလတန်းကြိုကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဆင်းပွဲအခမ်းအနား ကျင်းပ
Mar 20,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ယနေ့နံနက် (၀၉:၀၀)နာရီအချိန်က မူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ ဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး
Mar 20,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများအား နွေရာသီကာလ ပူပြင်းခြောက်သွေ့သည့်အချိန်တွင် မီးလောင်မှုဖြစ်ပေါ်စေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
12872
Page
12873
Page
12874
Page
12875
Current page
12876
Page
12877
Page
12878
Page
12879
Page
12880
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department