မန်တုံမြို့နယ် မူလတန်းကြိုကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဆင်းပွဲအခမ်းအနား ကျင်းပ

မန်တုံ မတ် ၂၀

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ယနေ့နံနက် (၀၉:၀၀)နာရီအချိန်က မူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းဆင်းပွဲအခမ်းအနား၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ကျောင်းဆင်းပွဲဖြစ်မြောက်ရန်အတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးသော ကျောင်း သားမိဘများနှင့် သင်ကြားရေး ဆရာမများ၊ မူကြိုကလေးများအတွက် လိုအပ်လျက်ရှိသော သင်ထောက်ကူပစ္စည်းများ လှူဒါန်းပေးကြသော စေတနာရှင်၊ အလှူရှင်များအား ကျေးဇူးတင်ပါကြောင်း ဦးစွာပြောကြားပြီး ကျောင်းဆင်းပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ K.G တန်းသို့ တက်ရောက်မည့် ကလေးငယ်(၃၅)ဦးအား ကျောင်းဆင်းလက်မှတ်များ ပေးအပ်ခြင်းနှင့် မူကြိုကလေးငယ်များက တေးကဗျာများ၊ အကများဖြင့် ကျောင်းဆင်းပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

မြို့နယ်