ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်

ဒဂုံမြောက် မတ် ၂၀

ကျောင်းသား ကျောင်းသူ ကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတကြွယ်ဝစေရန်၊ ကျောင်းစာအပြင်ဗဟုသုတများ တိုးပွားစေရန်နှင့် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) ကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ အဆိုပါ အခြေခံပန်းချီ‌ရေးဆွဲနည်း သင်တန်းကို သင်တန်းဆရာအဖြစ် ဒေါ်ခင်ဘုန်းသူဇာ (ယဉ်ကျေးမှုတက္ကသိုလ်-ပန်းချီ) က သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို မတ်လ(၂၀) ရက်နေ့မှ (၂၆) ရက်‌နေ့ထိ သင်တန်းသား၊ ကျောင်းသူ (၂၀) ဦးအား သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်ရီ