အမြို့မြို့အနယ်နယ်သတင်းများ

Mar 20,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက စတင်၍ အသက်မွေးဝမ်းကျောင်းပညာအဖြစ် အခြေခံ စက်ချုပ်ပညာ(အခမဲ့)ကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
Mar 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်း (အခမဲ့) သင်ကြားပို့ချခြင်းကို ယနေ့မွန်းလွဲပိုင်းက ဖွင့်လှစ်သင်ကြားသည်။
Mar 20,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၃ခုနှစ် နွေရာသီ အ​ခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အ.ထ.က(ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပခဲ့သည်။
Mar 20,2023
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြင်ကြီးကျေးရွာ၌ ရေဖူလုံစွာရရှိရန် ရည်ရွယ်၍ မြေသားရေကန် တူးဖော်ခြင်း၊ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်ဦးစီးမှူး ဦးဦးသန်းထွန်း၊ တာဝန်ခံအင်ဂျင်နီယာ၊ ကျေးရွာကော်မတီဝင်များနှင့်အတူ ကွင်းဆင်း စစ်ဆေးကြသည်။
Mar 20,2023
ချောင်းဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယ‌နေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Mar 20,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွ ာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Mar 20,2023
သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဘုန်းဆိုးကြီးကျေးရွာဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် နိုင်ငံတော် ဩဝါဒစရိယ ဘဒ္ဒန္တနန္ဒောဘာသ သက်တော် (၁၀၃) နှစ်၊ ဝါတော် (၈၃) ဝါ ရှိဆရာတော်ဘုရားကြီးနှင့် သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြိုနယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်ဝင်း ဦးဆောင်သော ကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 20,2023
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် လူငယ်လူရွယ်များ စီးကရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးအန္တရာယ်များ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ သတိပြုဆင်ခြင်ဖွယ် စီးကရက် အန္တရာယ် အသိပညာပေး Talk Show ကို မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။