မြန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မသန်စွမ်းအထောက်အကူပြုပစ္စည်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

မြန်အောင် မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ မသန်စွမ်းအထောက်အကူပြု ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးကို ယ်စား ဒုတိယမြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကိုက မသန်စွမ်းသူများအား စိတ်ခွန်အားဖြည့်အားပေး အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက (Community Centre) လုပ်ငန်းများဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးအေးက ဌာနမှ မသန်စွမ်းသူများအား ကူညီ ထောက်ပံ့ပေးအပ်မှုများကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်း (မြန်အောင်ရုံးခွဲ) ဥက္ကဋ္ဌ ဦးအောင်အောင်မြင့်က မသန်စွမ်းသူများအား အထောက်အကူပစ္စည်း ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (မြန်အောင်ရုံးခွဲ)က ထောက်ပံ့သည့် ထောက်ကူပစ္စည်းများ ဖြစ်သည့် ဝှီးချဲ(၁)ခု၊ ဂျိုင်းဒေါက်(၂)ခု၊ ဖဝါး(၁)ခုတို့အား တာဝန်ရှိသူများက မသန်စွမ်းသူများအား ပေးအပ်ခဲ့ကြပြီး တက်ရောက်လာသူများအား မသန်စွမ်းသူများ အထောက်အကူပြု အသိပညာပေး နံရံကပ်စာစောင်အား ပြသခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင်(ပြန်/ဆက်)