၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်

သုံးခွ အောက်တိုဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာန၏ကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပုလဲကျေးရွာအုပ်စု အုန်းနှဲကုန်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာကျော်ကိုကိုခိုင်က မြေ​ပြင်စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းပို့ချပြီး တိရစ္ဆာန်ကောင်ရေ မြေပြင်လက်တွေ့စာရင်းကောက်ယူခြင်းနှင့် ရရှိလာသောစားရင်းများအား Commcare app ဖြင့် ရေးသွင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ပုလဲကျေးရွာအုပ်စု၊ အုန်းနှဲကုန်းကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးလုပ်သားများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့်ဒေသခံများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စည်သူလင်း ပြန်/ဆက်