ကျိုက်ထို အောက်တိုဘာ ၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အောက်တိုဘာ (၆)ရက် နေ့လယ်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေများ စီးဆင်းမှုကြောင့် ယမန်နေ့ မွန်းလွဲပိုင်းတွင် ကဒတ်ချောင်းရေလျှံမှုဖြစ်ပွားကာ ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်၊ ဇေယျာမွန်တိုးချဲ့ ကွက်သစ်ရှိ မြေနိမ့်ပိုင်း နေအိမ်များသို့ ရေများ ၀င်ရောက်ခဲ့သည်။
နေအိမ်များသို့ ရေများဝင်ရောက်ခဲ့သဖြင့် အိမ်ထောင်စု (၁၂)စု၊ ကျား (၂၇)ဦး၊ မ(၂၈)ဦး၊ ပေါင်း (၅၅)ဦးတို့အား ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိသည့် ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်၊ တောရရွှေဂူဘုန်းကြီးကျောင်းသို့ ယမန်နေ့ ညနေ(၄)နာရီမှစတင်ကာ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်သည့်နေရာသို့ ခလရ (၉၆)မှ ဗိုလ်မှူးသက်ခိုင်စိုးနှင့် တပ်မတော်သားများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေယံအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဇေယျာမွန်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ပြောင်းရွှေ့ပေးခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် လူ/တိရိစ္ဆာန်များ ထိခိုက်မှုမရှိပါကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)