သတင်းများ

ထီးချိုင့်မြို့၌ စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေး
Oct 16,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့၌ စားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းရေးနှင့် ပြည်သူလူထုအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချစေနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စားအုန်းဆီများအား ပြင်ပပေါက်စျေးထက် ဈေးနှုန်းချိုသာစွာ ဆက်လက်ရောင်းချပေးခြင်းကို ယနေ့နံနက် ၈နာရီအချိန်က မြို့မအားကစားကွင်းတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီး၌ ဖွင့်လှစ်သော ယဉ်ကျေးလိမ္မာသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ(၄၀၀)ဦးခန့် တက်ရောက်
Oct 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ရပ်ကွက်ရှိ မြို့လယ်မဟာသာသနာ့ ဗိမာန်တော်ကြီးတွင်အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့ နံနက် ၈ နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ရာ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် ငမိုးရိပ်ချောင်းကူးတံတား တည်ဆောက်နေသည့်နေရာ၌ အမှိုက်များရှင်းလင်း
Oct 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ငမိုးရိပ်ချောင်းကူးတံတား တည်ဆောက်နေသည့်နေရာ၌ ချောင်းရေစီးဆင်းမှု အဟန့်အတားဖြစ်စေသည့် အမှိုက်များ ရှင်းလင်းခြင်းကို ယနေ့နံနက် ၈ နာရီက တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ်နေ ဖျာပုံခရိုင်အတွင်းမှ အသက်အကြီးဆုံး ဘိုးဘွား(၂)ဦးနှင့် ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား ကူညီထောက်ပံ့
Oct 16,2023
အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ ဘိုးဘွားများနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ယမန်နေ့နေ့လယ် (၂)နာရီအချိန်တွင် ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ထွေးကြည်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ဖျာပုံခရိုင်အတွင်းရှိ အသက်အကြီးဆုံး အဘိုးအဘွားများဖြစ်ကြသော ဘိုကလေးမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာနေ အသက်(၁၀၄)နှစ်ရှိ အဘိုးဦးညိုနှင့် ဌက်ပျောချောင်းကျေးရွာနေ အသက်(၁၀၅)နှစ်ရှိ အဖွားဒေါ်သိန်းကြည်တို့၏ နေအိမ်များထံသို့ အရောက်သွားကာ ထောက်ပံ့ငွေကျပ်(၁)သိန်းစီ ထောက်ပံ့ပေးအပ်ခဲ့သည်။
သိန္နီမြို့၌ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ယာဥ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်ကို သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းမကြီးတိုးဂိတ်နှင့် လားရှိုး-မူဆယ်လမ်းမကြီးတိုးဂိတ်၌ ယမန်နေ့ နံနက်ပိုင်းအချိန်က ဖြန့်ဝေခဲ့သည်။
မိုးညိုမြို့၌ရပ်ကွက်အခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံ
Oct 16,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂) နှစ်မကျော်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့မရပ်ကွက်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အူကျွန်းကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Oct 16,2023
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အူကျွန်းကွင်း အမှတ်-၁၀၂၅(ခ)၊ ဦးပိုင်အမှတ် ၅၉/၂၊ တောင်သူ ဦးခင်မောင်ဦး စိုက်ပျိုးထား‌သော နယူးဧရာ-၁ စပ်မျိုးစပါး (၀.၁၅)ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တမူးမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြုလုပ်
Oct 16,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၄) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။