သတင်းများ

ရွှေတောင်မြို့နယ်တွင် ဆောင်းမြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ပေးအပ်ပွဲ ကျင်းပ
Oct 18,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်းမြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာ စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ပေးအပ်ပွဲ ကျင်းပခဲ့သည်။
ပန်းတနော်မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်
Oct 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၁၀၅၉) ဦးအား လူမှုဝန်ထမ်း ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Oct 18,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club)တို့ပူးပေါင်း၍ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် "အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရွှေဘိုသူနာပြု-သားဖွားသင်တန်းကျောင်း သင်တန်းသား/သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကျင်းပ
Oct 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုသူနာပြု-သားဖွားသင်တန်းကျောင်း၊ အပတ်စဥ်(၃) သူနာပြု သားဖွားဒီပလိုမာ သင်တန်း၏ သင်တန်းသား/ သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းပွဲ အခမ်းအနားကို ယမန်​နေ့ နံနက် ၉ နာရီချိန်က အဆိုပါ​ကျောင်းရှိ သ​ပြေညိုခန်းမတွင် ကျင်းပပြုလုပ်ရာ ​အမှတ်(၅)စစ်အုပ်ချုပ်​ရေးနယ်​မြေ၊ စစ်နယ်​မြေမှူးနှင့် အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ အတွင်း​ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဒုခရိုင်အုပ်ချုပ်​ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဆေးရုံအုပ်ကြီး၊​ကျောင်းအုပ် ဆရာမကြီး၊ သူနာပြုအုပ်ဆရာမကြီးများနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အငြင်းပွားမှုများကို အများပူးပေါင်းဖြေရှင်းခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်
Oct 18,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကမ်းလက်မေတ္တာအသင်းတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ အငြင်းပွားမှုများကို အများပူးပေါင်းဖြေရှင်းခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်လျက်ရှိရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီး
Oct 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် CPI စနစ်ကို အသုံးပြု၍ ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အမှတ်(၆၈) ရပ်ကွက်တွင် ယမန်နေ့နံနက် (၉)နာရီက စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community. Center ၌ စာဖတ်ဝိုင်းကျင်းပ
Oct 18,2023
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ ယမန်နေ့နံနက်(၁၁)နာရီတွင်(Women Club)အဖွဲ့ဝင်များနှင့် စာရေးဆရာမ ခင်စောတင့်ရေသားသည့် စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန် ဦးသန်းထွန်းဦး နေပြည်တော် ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စားစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် မြို့တော်သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေး
Oct 18,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက် မိုးသောက်ပန်းလမ်း လမ်းဘေးဝဲယာတွင် ချုံနွယ်များ၊ ပေါင်းမြက်များ၊ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။