Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
တွံတေးမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပရေးလုပ်ငန်း ညှိနှိုင်းစည်းဝေးပွဲပြုလုပ်
Oct 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတုရွှေဆံတော် စေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၂)လရာသီပွဲတော်များအနက် ၁၃၈၅-ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၆ ရက်နေ့ ညနေ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ မိုးစပါးနှင့်အခြားသီးနှံစိုက်ဧကကိုးသောင်းကျော်စိုက်ပျိုးပြီးစီး
Oct 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း မိုးစပါးနှင့်အခြားသီးနှံလျာထားစိုက်ဧက(၉၁၁၅၄)ဧကရှိသည့်အနက် (၉၀၁၇၃)ဧကစိုက်ပျိုးပြီးစီးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ VDP စီမံကိန်းလုပ်ငန်း(၈)ခုဆောင်ရွက်
Oct 18,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်း(၈)ခုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး
Oct 18,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် ဖြူးမြို့နယ် (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့မစျေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Oct 18,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မြို့မစျေးကြီး၌ ယနေ့နံနက် ၉နာရီခွဲက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အယ်နီညိုရာသီဥတုဖြစ်စဉ်အပေါ် စိုက်ပျိုးရေးကဏ္ဍ ကြိုတင်ဆောင်ရွက်နိုင်ရေး အဓိကစိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်တိုးရရှိရေး တောင်သူအသိပညာပေးဆွေးနွေးပွဲပြုလုပ်
Oct 18,2023
အယ်နီညိုရာသီဥတုဖြစ်စဉ်အပေါ် စိုက်ပျိုးရေးကဏ္ဍ ကြိုတင်ဆောင်ရွက်နိုင်ရေးအတွက် တောင်သူအသိပညာပေးဆွေးနွေးပွဲကို နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ရွာဝိုင်းကျေးရွာအုပ်စု၊ ရွှေဖလားကျေးရွာတွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့၌ ဒေသခံပြည်သူများအား စားအုန်းဆီနှင့် ကြက်ဉများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Oct 18,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားအုန်းဆီနှင့် ကြက်ဉများ ပြင်ပစျေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ရည်ရွယ်၍ လဲချားမြို့ နယ်မြေခံတပ်မှ တာဝန်ရှိသူများက ယနေ့ နံနက်(၇း၃၀)နာရီအချိန် မြို့မစျေးအရှေ့တွင် ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့နယ်ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီနှင့်အခြားထောက်ပံ့ပစ္စည်းများ ကျေးရွာအရောက် သွားရောက်လှူဒါန်း
Oct 18,2023
ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ်ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီနှင့်အခြားထောက်ပံ့ပစ္စည်းများ ကျေးရွာအရောက်သွားရောက်၍ ထောက်ပံ့လှူဒါန်းပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9387
Page
9388
Page
9389
Page
9390
Current page
9391
Page
9392
Page
9393
Page
9394
Page
9395
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department