သတင်းများ

စေတုတ္တရာမြို့နယ်တွင် ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မိဘအသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Oct 18,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် လူမှုဝန်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ စေတုတ္တရာမူလတန်းကြိုကျောင်းမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မိဘအသိပညာဆွေးနွေးပွဲကို အဆိုပါကျောင်း၌ ယမန်နေ့ညနေ(၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ 
နမ့်ခမ်းမြို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ် စာစောင်ပြပွဲအား ကွင်းဆင်းဆောင်ရွက်
Oct 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုလိုစိတ် ရှိလာစေရန် ရည်ရွယ်ပြီး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်​ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အ.လ.က (၁) ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်
Oct 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရေးအတွက် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က ပြသခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့နယ်၊ အမှတ်(၅၅၃)ခြေမြန်တပ်ရင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်
Oct 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၅၅၃)ခြေမြန်တပ်ရင်းရှိ ခန်းမဆောင်တွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲတွင် အသုံးပြုခဲ့သည့် ကုန်ကျစရိတ်များအား ဘဏ္ဍာငွေရှာဖွေရေးကော်မတီမှ ငွေစာရင်းရှင်းတမ်းထုတ်ပြန်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဖလမ်းမြို့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး ပညာပေးဟောပြောပွဲကျင်းပ
Oct 18,2023
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ပညာပေး ဟောပြောပွဲကို ဖလမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဇော်လတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ်(၂၆၈)ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဘီလူးချောင်း ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် နေရာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်မြို့၌ကျင်းပ
Oct 18,2023
ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့်နေရာများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ငပုတောမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို ဒုတိယ​​အကြိမ်​လူမှု​ရေး ပင်စင်​ထောက်ပံ့​ကြေး​ပေးအပ်
Oct 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်၌ (၂၀၂၃-၂၀၂၄)ဘဏ္ဍာ​ရေးနှစ် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ဒုတိယကြိမ်လူမှု​ရေးပင်စင်ထောက်ပံ့ငွေပေးအပ် ခြင်း အခမ်းအနားကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်​စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။