သတင်းများ

ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာန၌ ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်
Oct 17,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျောင်းသူ/သား ကလေးသူငယ်များ အသိပညာဗဟုသုတတိုးပွားပြီး ကာယဉာဏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Oct 17,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုး၏ လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ် စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ဝါမျိုးစုံစိုက်ဧက ၄၂၈၆၈ ဧက စိုက်ပျိုးပြီးစီး
Oct 17,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ဝါမျိုးစုံစိုက်ဧက ၄၂၈၆၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း  ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျောက်တော်ကြီးဘုရားပွဲတော်ရက် မတိုင်မီကပင် စည်ကားလျက်ရှိ
Oct 17,2023
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုတ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေရင်း၊ သုဓမ္မာဇရပ်အနီးတွင် တည်ထားကိုးကွယ်တော်မူသော ကျောက်တော်ကြီးဘုရားပွဲသည် ပွဲရက်မတိုင်မီ ဘုရားဖူးသူများ၊ ဈေးဝယ်၊ ဈေးသည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နှင့်တံတားဦးမြို့တို့ ဆက်သွယ်ထားသော မြို့ချင်းဆက်လမ်း၌ ပျက်စီးနေသည့် လမ်းပိုင်း(၃)နေရာအား ပြန်လည်ပြုပြင်ပေး
Oct 17,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ဒေသအတွင်း ဖွံ့ဖြိုးဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိလမ်းများ ကောင်းမွန်ရေး ဘဏ္ဍာနှစ်အလိုက် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ မန္တလေးတိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျောက်ဆည်မြို့နှင့်တံတားဦးမြို့တို့ ဆက်သွယ်ထားသော မြို့ချင်းဆက်လမ်း၌ ပျက်စီးနေသည့် လမ်းပိုင်း(၃)နေရာအား ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။
ပလောက်မြို့၌ လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်းစာအုပ်ဖြင့်  စာဖတ်ဝိုင်းပြုလုပ်
Oct 17,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းက စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာဒေါက်တာ ခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးအသိပညာပေးပြိုင်ပွဲများ ကျင်းပမည်
Oct 17,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) တို့ ပူးပေါင်း၍ ပလပ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးနေ့ အသိပညာပေးပြိုင်ပွဲများကို မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ပုလောမြို့နယ် Community Centre ၌ ဒေါက်တာခင်မောင်ညိုရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Oct 17,2023
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် စာပေချစ်သူများအဖွဲ့မှ ဒေါက်တာခင်မောင်ညိုရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်း စာအုပ်ကို ယမန်နေ့နံနက်ပိုင်းက Community Centre ၌ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။