ကျောက်ဆည် ဧပြီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့မွန်းလွဲ (၂) နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များကို ဟောပြောခဲ့ပြီး ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက လေပြင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ လေပြင်းဖြစ်ပေါ်နေချိန်တွင် ပြုလုပ်ရန်အချက်များ၊ လေပြင်းဖြစ်ပေါ်ပြီးချိန်တွင် ပြင်ဆင်ရန်အချက်များအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ လေပြင်းဘေးသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ လေပြင်းဖြစ်ပေါ်နေစဉ်အတွင်း လိုက်နာရန်အချက်များ၊ ရှောင်ရှားရမည့်အချက်များနှင့် လေပြင်းတိုက်ခိုက်ပြီးနောက် ဆောင်ရွက်ရန်အချက်များအား အသိပညာပေး ဟောပြောခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်မျာနှင့် အသိပညာပေး နံရံကပ်စာစောင်များကိုလည်း စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)