ကျွန်းစုမြို့တွင် စွမ်းအင်ချွေတာသည့်အနေဖြင့် မြန်မာ့နှစ်သစ်ကူးပွဲတော်ကို လမ်းလျှောက်သင်္ကြန်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ကျွန်းစု ဧပြီ ၉

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် စွမ်းအင်ချွေတာသည့်အနေဖြင့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကို ရိုးရာမပျက် စည်ကားစွာကျင်းပနိုင်ရေးအတွက် ဧပြီ ၇ ရက် ညနေပိုင်းက မြို့နယ် ကျွန်းရတနာခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက စွမ်းအင်ချွေတာသည့်အနေဖြင့် ဖျော်‌ဖြေရေးမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ စတုဒီသာအကျွေးအမွေးများဖြင့် စည်ကားစွာ ကျင်းပနိုင်ရေး ပြောကြားခဲ့သည်။

ထို့နောက် နှစ်သစ်ကူးသင်္ကြန် ကျင်းပရေးကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများမှ လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှု အစီအမံများ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)