သတင်းများ

ညောင်ဦးမြို့ သင်္ကြန်အတက်နေ့တွင် စည်ကား
Apr 16,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ဧပြီလ ၁၆ ရက်နေ့တွင် ပုဂံမြို့ဟောင်း သရပါတံခါးမှ ဗူးဘုရားလမ်းထိပ်အထိ လမ်းလျှောက်သင်္ကြန် ကျင်းပလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် သင်္ကြန်အ​​တက်နေ့နံနက်ပိုင်းတွင် ရေကစားသူများဖြင့် စည်ကား
Apr 16,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော် အတက်နေ့နံနက်ပိုင်းတွင် ဗိုလ်ချုပ်လမ်းမရှိ ဗဟိုမဏ္ဍပ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်မဏ္ဍပ်နှင့် မြို့ပေါ်ရပ်ကွက်များတွင် ရေကစားသူများ၊ စတုဒီသာကျွေးမွေးသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ဖျာပုံမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်အတက်နေ့ ဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ပျော်ရွှင်အေးချမ်းစွာ ရေပက်ကစား
Apr 16,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်အတက်နေ့ ဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ပြည်သူများ ပျော်ရွှင်အေးချမ်းစွာ ပါဝင်ရေပက်ကစားကြသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ မဟာသင်္ကြန်အတက်နေ့ ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တွင် ပြည်သူများ ပါဝင်ဆင်နွှဲ
Apr 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် သင်္ကြန်အတက်နေ့တွင် ပဲခူးမြစ်လမ်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ပြည်သူများ ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ပင်လုံမြို့တွင် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် အတက်နေ့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ
Apr 16,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် သင်္ကြန်အတက်နေ့၌ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ယိမ်းအကအဖွဲ့များ၏ သင်္ကြန်အကများ၊ သင်္ကြန်သီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ၊ DJ အကများဖြင့် ဖျော်ဖြေဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း သထုံမြို့နယ် ဗဟိုမဏ္ဍပ်တွင် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန်အတက်နေ့ အေးချမ်းပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပနေမှု ကြည့်ရှုအားပေး
Apr 16,2026
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြို့နယ်အသီးသီးတွင် သင်္ကြန်အကြတ်နေ့ကို အေးချမ်းပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည် ယမန်နေ့ညနေပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ပျော်ရွှင်စွာရေကစားခြင်း၊ သင်္ကြန်ယိမ်းအဖွဲ့များနှင့် တေးသံရှင်များမှ တေးသီချင်းများဖြင့် သီဆိုကပြယှဥ်ပြိုင်နေမှုအပေါ် ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အနောက်တောင်တိုင်းစစ်ဌာနချုပ်သင်္ကြန်မဏ္ဍပ်နှင့် ပုသိမ်မြို့ဗဟိုမဏ္ဍပ်တို့တွင် ယိမ်းအဖွဲ့များအား ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေး
Apr 16,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကြတ်နေ့တွင် ကမ်းနားလမ်းတစ်လျှောက်ရှိ လမ်းလျှောက်သင်္ကြန်အပါအဝင် ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာမဏ္ဍပ်များနှင့် ရပ်ကွက်များမှ မဏ္ဍပ်များတွင် အေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားသူများဖြင့် စည်ကားလျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်များသို့သွားရောက်၍ ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ ပြည်သူများ ပျော်ရွှင်အေးချမ်းစွာ ရေကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ချောင်းဆုံမြို့နယ် သင်္ကြန်အတက်နေ့တွင် တောင်ပေါ်ကြီးဧည့်သည်ခေါ် ဘုရားပွဲတော် လည်ပတ်သူများဖြင့် စည်ကား
Apr 16,2026
မွန်ပြည်နယ် (ဘီလူးကျွန်း) ချောင်းဆုံမြို့နယ်၌ သင်္ကြန်အတက်နေ့တွင် တောင်ပေါ်ကြီးဧည့်သည်ခေါ်ဘုရားပွဲတော်၌ လည်ပတ်သူများ၊ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။