ဒေးဒရဲမြို့နယ် သင်္ကြန်အ​​တက်နေ့နံနက်ပိုင်းတွင် ရေကစားသူများဖြင့် စည်ကား

ဒေးဒရဲ ဧပြီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော် အတက်နေ့နံနက်ပိုင်းတွင် ဗိုလ်ချုပ်လမ်းမရှိ ဗဟိုမဏ္ဍပ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်မဏ္ဍပ်နှင့် မြို့ပေါ်ရပ်ကွက်များတွင် ရေကစားသူများ၊ စတုဒီသာကျွေးမွေးသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများနှင့် ရပ်ကွက်များတွင်လည်း ရေကစားကြသူများ၊ စတုဒီသာကျွေးမွေးကြသူများဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲလျက်ရှိပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေကိုထိန်းသိမ်းသောအားဖြင့် တစ်ဦးနှင့်တစ်ဦး သင်္ကြန်ရေပက်ဖြန်းခြင်းအပြင် မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်ပါ ထည့်သွင်း၍ နှစ်သစ်ဦး အခါသမယအား ပြည်သူအား အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

အေဇာလင်း