စစ်ကိုင်း ဧပြီ ၁၇
စစ်ကိုင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၊ သနပ်ခါးသင်္ကြန်နှင့် လမ်းလျှောက်သင်္ကြန် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၅ နာရီ နာရီက စစ်ကိုင်းမြို့ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး တန်ခူးမေယိမ်းအဖွဲ့အား ဆုချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသိန်းဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ညွန့်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့်အဖွဲ့ဝင် ဦးခင်ဇော်တို့က စစ်ကိုင်းပညာရေးတက္ကသိုလ်ယိမ်းအဖွဲ့၊ ပိတောက်ရဲမာန်ယိမ်းအဖွဲ့၊ ပိတောက်ပျိုမဒီ ယိမ်းအဖွဲ့၊ ပိတောက်လက်ဆောင်ယိမ်းအဖွဲ့၊ ရေလှိုင်းသံစဉ် ယိမ်းအဖွဲ့တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အနုပညာရှင်များနှင့်ယိမ်းအဖွဲ့များမှ ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆို၊ ကပြဖျော်ဖြေ၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)