သတင်းများ

တီးတိန်မြို့၌ သက်ကြီးဘိုးဘွားများ ကန်တော့ပွဲအခမ်းအနား ပြုလုပ်
Apr 18,2026
ချင်းပြည်နယ် တီးတိန်ခရိုင် တီးတိန်မြို့၌ ယမန်နေ့မွန်းလွဲပိုင်းတွင် သက်ကြီးဘိုးဘွားများကန်တော့ပွဲအခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
မိုင်းဖြတ်မြို့နယ်၌ ဘင်ခရာအသင်း ဖွဲ့စည်းနိုင်ရေး အလှူငွေ ပေးအပ်လှူဒါန်းပွဲ ကျင်းပ
Apr 18,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ကျောင်းဘင်ခရာအသင်း ဖွဲ့စည်းနိုင်ရေး အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဧပြီလ ၁၇ ရက်၊ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ရွှေလီဆောင်ခန်းမ၌ ကျင်းပခဲ့သည်။ 
ခန္တီးမြို့တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့
Apr 18,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဧပြီလ ၁၇ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်ရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းကို ခရိုင်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝးခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီက ပြုလုပ်ခဲ့သည်။
ဘယ်လင်းအကျဉ်းဦးစီးဌာနမှ အကျဉ်းသား၊ အကျဉ်းသူ ၁၀၇ ဦး လွတ်ငြိမ်းခွင့်ပြု
Apr 18,2026
မြန်မာနှစ်သစ်ကူးမင်္ဂလာ အခါသမယအထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း‌အေးချမ်းစေရေးနှင့် လူသားချင်းစာနာ‌ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေးတွင် ပါဝင်နိုင်ရန်အတွက်လည်းကောင်း နိုင်ငံတော်သမ္မတသည် အချုပ်ထောင်/ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/အကျဉ်းသူများအား လွတ်ငြိမ်းသက်သာခွင့်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ် (၁) နှင့် အမှတ် (၂) ကုန်ထုတ်စခန်း အစည်းအဝေးခန်းမများ၌ အကြမ်းဖက်မှုတိက်ဖျက်ရေးဥပဒေအရ ပြစ်မှုများနှင့် အဂတိတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများမှအပ အခြားသော ဥပဒေများဖြင့် ပြစ်မှုကျခံလျက်ရှိသည့် အကျဉ်းသား ၁၀၇ ဦးအား ရာဇဝတ်ကျင်ထုံ ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ  နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဘေးမဲ့ငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနား တက်ရောက်
Apr 18,2026
၁၃၈၈ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန (အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ ကန်သုံးဆင့်ရေပြင်တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ဆီဆိုင်မြို့၌ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ
Apr 18,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာ့ယဉ်ကျေးမှုထုံးတမ်းစဉ်လာဖြင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယမန်နေ့ နံနက် ၈ နာရီက မြကန်သာရပ်ကွက်ရှိ ဇဝနာရာမစာသင်ကျောင်းတိုက်၌ ကျင်းပသည်။
မိုးညိုမြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များ ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချရေးစစ်ဆေး
Apr 18,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း စားအုန်းဆီလက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များကို တာဝန်ရှိသူများက ဧပြီ ၁၈ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
နောင်ချိုမြို့နယ်၌ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့
Apr 18,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် နှစ်ဆန်းတစ်ရက်နေ့တွင် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ဧပြီလ ၁၇ ရက် နံနက် ၈ နာရီက နောင်ချိုမြို့ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။