ခန္တီးမြို့တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့

ခန္တီး ဧပြီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဧပြီလ ၁၇ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်ရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းကို ခရိုင်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝးခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါသက်ကြီးဘိုးဘွားပူဇော်ကန်တော့ခြင်းကို ခန္တီးခရိုင် အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် ဦးဆောင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများက မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်ရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၀) ဦးအား တစ်ဦးလျှင် အလှူငွေ (၄၀၀၀၀) ကျပ်၊ ကြက်ဥ (၁၁) လုံး၊ Calsomeကွေကာ (၁) ထုပ်၊ အချိုရည် (၁) ဗူး၊ စုစုပေါင်းတန်ဖိုး (၇၀၀၀၀) ကျပ် တန်ဖိုးရှိ ပစ္စည်းများအား တစ်ဦးချင်းလက်ဝယ်အရောက် လှူဒါန်းကန်တော့ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)