ဆီဆိုင်မြို့၌ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

ဆီဆိုင် ဧပြီ ၁

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာ့ယဉ်ကျေးမှုထုံးတမ်းစဉ်လာဖြင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယမန်နေ့ နံနက် နာရီက မြကန်သာရပ်ကွက်ရှိ ဇဝနာရာမစာသင်ကျောင်းတိုက်၌ ကျင်းပသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသည့် မြို့ပေါ်ရပ်ကွက်ရှိ သက်ကြီးဘိုးဘွားများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ကျော်ရန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များတို့က ရှိခိုးကန်တော့ခဲ့ကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ သက်ကြီးဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးမှ ဆုတောင်းမေတ္တာပို့သပေးခဲ့သည်။ အဆိုပါသက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲတွင်  မြို့ပေါ်ရပ်ကွက်ရှိ သက်ကြီးဘိုးဘွား  (၁၀၅) ဦးတို့ကို တစ်ဦးလျှင် အလှူငွေကျပ် (၃၀၀၀၀) နှုန်းဖြင့်  တာဝန်ရှိသူများက လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)